NFT (Non-Fungible Token) ဆိုတာ တစ်ခုချင်းစီ unique ဖြစ်တဲ့ token ဖြစ်ပါတယ်။ Digital art, collectible, ticket, certificate, game item, membership pass စတာတွေကို ownership proof အဖြစ်သုံးနိုင်ပါတယ်။
| အချက် | NFT | Normal Digital File |
|---|---|---|
| Uniqueness | Token ID/contract address နဲ့ unique record ရှိနိုင်သည်။ | Copy လုပ်လို့လွယ်၊ ownership proof မရှိနိုင်။ |
| Ownership Proof | Blockchain record ဖြင့် wallet ပိုင်ဆိုင်မှုစစ်နိုင်သည်။ | File ရှိတာနဲ့ပိုင်ဆိုင်မှုသက်သေမဟုတ်။ |
| Metadata | Image/file link, attributes, description ပါနိုင်သည်။ | File content သာရှိတတ်သည်။ |
| Risk | Metadata link ပျက်နိုင်, fake collection, hype price risk။ | Copy right/verification issue ရှိနိုင်။ |
NFT ကို “image ကို blockchain ထဲသိမ်းထားတာ” လို့အမြဲမယူဆသင့်ပါ။ များသောအားဖြင့် token record က blockchain ပေါ်မှာရှိပြီး image/metadata က off-chain storage သို့မဟုတ် IPFS လို system တွေမှာရှိနိုင်ပါတယ်.
You should see
NFT ရဲ့တန်ဖိုးက ownership proof + utility + community + authenticity ပေါ်မူတည်ပြီး hype တစ်ခုတည်းအပေါ်မထားသင့်ပါ။