Node.js စရေးဖို့ အရင်ဆုံး သင့် computer မှာ Node.js runtime နဲ့ NPM ပါဝင်လာအောင် install လုပ်ရပါမယ်။ NPM က package manager ဖြစ်ပြီး Express.js, nodemon, dotenv စတဲ့ package တွေကို install လုပ်တဲ့နေရာမှာသုံးပါတယ်။
javascript
# Check Node.js version
node -v
# Check NPM version
npm -v
# Create a practice folder
mkdir nodejs-practice
cd nodejs-practicenode -v က Node.js install ဖြစ်/မဖြစ် စစ်တာပါ။ npm -v က package manager ပါ/မပါ စစ်တာပါ။ mkdir က folder ဆောက်တာ၊ cd က folder ထဲဝင်တာဖြစ်ပါတယ်။
You should see
v20.11.1 10.2.4Info
Version number ပေါ်လာရင် install အောင်မြင်ပါတယ်။ Command not found ဆိုရင် terminal ကိုပိတ်ပြီးပြန်ဖွင့်ပါ။ မရသေးရင် Node.js ကို reinstall လုပ်ပါ။
နောက်တစ်ဆင့်
Setup ပြီးရင် First App lesson မှာ server file တစ်ခုကို တကယ် run ကြည့်ပါ။