List အားလုံးမလိုဘဲ item တစ်ခုတည်းလိုတဲ့အခါ GET single item route သုံးပါတယ်။ Express route parameter :id ကိုသုံးပြီး URL ထဲက ID ကိုဖတ်နိုင်ပါတယ်။
javascript
// Add this route after the users array
app.get('/api/users/:id', (req, res) => {
const id = Number(req.params.id);
const user = users.find((item) => item.id === id);
if (!user) {
return res.status(404).json({
message: 'User not found'
});
}
res.json(user);
});req.params.id က URL ထဲက ID ကို string အနေနဲ့ပေးပါတယ်။ ဒါကြောင့် Number() နဲ့ number ပြောင်းပြီး users.find() နဲ့ကိုက်တဲ့ user ကိုရှာပါတယ်။ မတွေ့ရင် 404 response ပြန်ပေးပါတယ်။
You should see
GET /api/users/2 { "id": 2, "name": "Mya Mya" } GET /api/users/99 { "message": "User not found" }Info
return res.status(...) လို့ရေးထားတာက error response ပြန်ပြီးနောက် code ဆက်မ run အောင်တားတာပါ။