Kotlin ကိုလူကြိုက်များစေတဲ့ feature ကြီးတစ်ခုက Null Safety ပါ။ Programming မှာ null value ကြောင့် error ဖြစ်တာများပါတယ်။ Kotlin က default အနေဖြင့် variable ကို null ထည့်ခွင့်မပေးဘဲ compiler level မှာကာကွယ်ပေးပါတယ်။ Nullable ဖြစ်စေချင်မှ type နောက်မှာ ? ထည့်ရပါတယ်။
kotlin
fun main() {
var username: String = "thutatech"
// username = null // Error: non-null String ထဲ null ထည့်လို့မရပါ။
var nickname: String? = "Sai"
nickname = null
println(username)
println(nickname)
}You should see
thutatech nullအနှစ်ချုပ်
Kotlin မှာ Type နဲ့ Type? က မတူပါ။ ? ပါရင် null ဖြစ်နိုင်တယ်လို့ compiler ကိုအသိပေးတာပါ။