Class ဆိုတာ object တစ်ခုရဲ့ blueprint ပါ။ Object ထဲမှာ data သိမ်းတဲ့ properties နဲ့ အလုပ်လုပ်တဲ့ functions တွေပါဝင်နိုင်ပါတယ်။ Real project မှာ User, Product, Order, Course စတဲ့ entity တွေကို class နဲ့ဖန်တီးလေ့ရှိပါတယ်။
kotlin
class Customer {
var name = ""
fun printName() {
println("Customer name is $name")
}
}
fun main() {
val customer = Customer()
customer.name = "Kyaw"
customer.printName()
}You should see
Customer name is Kyawအနှစ်ချုပ်
Class က data နဲ့ behavior ကိုတစ်နေရာတည်းမှာ စနစ်တကျစုစည်းပေးပါတယ်။