Thuta Learning
ရှာဖွေရန်
IntermediateMobile Developmentbeginner

State Management Intro

စိတ်လျှော့ပါ။ ဒီခန်းကို စာအုပ်လိုမဟုတ်ဘဲ စကားပြောသလိုပဲ၊ နားလည်လွယ်အောင် ရှင်းပါမယ်။

State ဆိုတာ app ရဲ့ လက်ရှိအခြေအနေပါ။ ဥပမာ counter number, login user, selected tab, cart item count, API result, loading/error status — အားလုံး state ဖြစ်နိုင်ပါတယ်။ State Management ဆိုတာ ဒီအခြေအနေတွေကို ဘယ်နေရာမှာသိမ်းမလဲ၊ ဘယ်လိုပြောင်းမလဲ၊ UI ကိုဘယ်လို update လုပ်မလဲဆိုတာ စီမံခြင်းပါ။ အစပိုင်းမှာ setState() နဲ့စတာအကောင်းဆုံးပါ။ Project ကြီးလာရင် Provider, Riverpod, BLoC, GetX စတာတွေကိုရွေးချယ်နိုင်ပါတယ်။ သို့သော် အခြေခံကိုမသိဘဲ advanced package တက်သွားရင် မုန့်ဟင်းခါးမသိဘဲ molecular gastronomy ချက်သလိုဖြစ်တတ်ပါတယ်။

dart
// Simple state examples
int counter = 0;
bool isLoading = false;
String selectedCategory = 'All';
List<String> cartItems = [];
You should see
ဒီ code က UI မပြသေးပါ။ State အမျိုးအစားတွေကိုနားလည်စေရန်ပြထားတဲ့ example ဖြစ်ပါတယ်။

နောက်တစ်ဆင့်

State ကို UI နဲ့ချိတ်ပြီးပြောင်းဖို့ setState() lesson ကိုဆက်သင်ပါ။

ဒီနေရာမှာ လူအများမှားတတ်တယ်

  • State ကိုနေရာတိုင်းမှာကော်ပီကူးသိမ်းထားရင် data မတူတော့တဲ့ bug တွေဖြစ်တတ်ပါတယ်။ Single source of truth ကိုစဉ်းစားပါ။