ဒီ Flutter သင်ခန်းစာမှာ mobile app တစ်ခုကို အလှကြည့်ရုံမဟုတ်ဘဲ တကယ်ရေးနိုင်အောင် အဆင့်လိုက် လေ့လာသွားပါမယ်။ Flutter က Android, iOS, Web, Desktop အထိ codebase တစ်ခုတည်းနဲ့ app တည်ဆောက်နိုင်တဲ့ UI toolkit ဖြစ်ပြီး Dart language ကို အသုံးပြုပါတယ်။ ဒီ page မှာ Flutter ရဲ့ အခြေခံစိတ်ကူး၊ Dart syntax, widget tree, layout, button interaction, form input, state management, navigation, assets, async operation, API data fetching နဲ့ mini project တစ်ခုအထိ တစ်ဆင့်ချင်း လေ့လာနိုင်ပါတယ်။ ဘယ်ဘက် menu က lesson တစ်ခုကိုနှိပ်ပြီး စနိုင်ပါတယ်။ အစပိုင်းမှာ code ကို copy လုပ်ပြီး run ကြည့်ပါ။ နောက်ပိုင်းမှာတော့ code တစ်ကြောင်းချင်း ဘာလုပ်သလဲဆိုတာကို နားလည်အောင်ဖတ်ပါ — app developer ဖြစ်ချင်ရင် copy-paste speed ထက် နားလည်မှု speed က ပိုအရေးကြီးပါတယ်။
နောက်တစ်ဆင့်
Flutter ကို ပထမဆုံးတွေ့တာဆိုရင် What is Flutter? lesson ကနေစပါ။ Dart အနည်းငယ်သိပြီးသားဆိုရင် Hello World App ကို တန်းစမ်းနိုင်ပါတယ်။