if, elsif, else ကို condition အလိုက် code လမ်းကြောင်းခွဲဖို့သုံးပါတယ်။ Login စစ်တာ၊ age စစ်တာ၊ stock ရှိ/မရှိ စစ်တာတွေမှာ အရေးကြီးပါတယ်။
ruby
age = 20
if age < 18
puts "You are a minor."
elsif age >= 18 && age < 65
puts "You are an adult."
else
puts "You are a senior."
endRuby က အပေါ်က condition ကနေ အောက်ကိုစစ်ပါတယ်။ မှန်တဲ့ block တစ်ခုတွေ့တာနဲ့ အဲ့ဒီ block ကို run ပြီး ကျန်တာတွေကိုကျော်သွားပါတယ်။
You should see
You are an adult.Info
&& ဆိုတာ condition နှစ်ခုလုံးမှန်မှ true ဖြစ်ပါတယ်။ || ဆိုတာ condition တစ်ခုမှန်ရင် true ဖြစ်ပါတယ်။