Event handling ဆိုတာ user action တစ်ခုဖြစ်တဲ့ click, typing, submit, mouse move စတာတွေကို React ကတုံ့ပြန်အောင်ရေးတာပါ။ React event name တွေက camelCase ဖြစ်ပြီး function reference ကို `{}` ထဲမှာထည့်ပေးရပါတယ်။
jsx
function MyButton() {
function handleClick() {
alert('Button was clicked!');
}
return (
<button onClick={handleClick}>
Click Me
</button>
);
}Button ကိုနှိပ်တဲ့အချိန်မှသာ `handleClick` function run ဖြစ်ပါတယ်။ React က browser event ကိုဖမ်းပြီး သတ်မှတ်ထားတဲ့ function ကိုခေါ်ပေးတာပါ။
You should see
Button ကိုနှိပ်လိုက်ရင် alert box တစ်ခု ပေါ်လာမယ်။Info
Function ကို call လုပ်တာမဟုတ်ဘဲ reference ပေးထားတာကို သတိထားပါ—`handleClick` ဖြစ်ရမယ်၊ `handleClick()` မဟုတ်ပါ။