ဒီသင်ခန်းစာမှာ NumPy (Numerical Python) ကို အခြေခံကနေ စပြီး data analysis, scientific computing, machine learning foundation တွေမှာ အသုံးပြုနိုင်တဲ့အဆင့်အထိ အဆင့်လိုက်လေ့လာနိုင်ပါတယ်။ Python list နဲ့ data တွေကိုတွက်လို့ရပေမယ့် data အရေအတွက်များလာတာနဲ့ speed, memory, formula calculation တွေမှာ NumPy က တော်တော်ကြီးကူညီပေးပါတယ်။
ဒီ page ကို ဖတ်တဲ့အခါ code ကို copy လုပ်ပြီး run ကြည့်ပါ။ Output ကိုကြည့်ရုံနဲ့မရပ်ဘဲ “ဒီ line က data ကို ဘာပြောင်းလိုက်တာလဲ” ဆိုတာကိုပါ စဉ်းစားကြည့်ရင် NumPy ကိုပိုမြန်မြန်နားလည်လာပါမယ်။
နောက်တစ်ဆင့်
ပထမဆုံး What is NumPy? ကိုဖွင့်ပြီး Python list နဲ့ NumPy array က ဘာကွာလဲဆိုတာ စကြည့်ပါ။