Go code ကို local computer မှာ run ဖို့ Go toolchain လိုပါတယ်။ Setup ပြီးသွားရင် go run နဲ့ တိုက်ရိုက် run နိုင်ပြီး go build နဲ့ executable file ထုတ်နိုင်ပါတယ်။
go
# Check Go installation
go version
# Run a Go file directly
go run hello.go
# Build an executable file
go build hello.gogo version က Go install အောင်မြင်မအောင် စစ်တာပါ။ go run hello.go က compile + run ကို တစ်ခါတည်းလုပ်ပေးပြီး go build hello.go က နောက်မှ run လို့ရမယ့် executable binary ထုတ်ပေးပါတယ်။
You should see
go version go1.xx.x ... Hello, Go!Info
Project ကြီးလာရင် go mod init project-name နဲ့ module စတင်ထားတာက dependency management အတွက်အရေးကြီးပါတယ်။