Branch သည် project ၏ independent line of development တစ်ခုဖြစ်သည်။ Default branch မှာ master (သို့မဟုတ် main) ဖြစ်သည်။ Feature အသစ်များလုပ်ရန်၊ bug များပြင်ရန် branch အသစ်များခွဲထုတ်ပြီး အဆင်ပြေမှ main branch ထဲသို့ ပြန်ပေါင်းထည့် (merge) နိုင်သည်။ ၎င်းသည် main codebase ကို တည်ငြိမ်စေသည်။