Authentication ဆိုတာဘာလဲ?
Authentication ဆိုတာ User ကို “ဘယ်သူလဲ?” ဆိုတာ စစ်ဆေးပေးတဲ့ စနစ်ပါ။ Website တစ်ခုမှာ account ဖွင့်ခြင်း၊ login ဝင်ခြင်း၊ logout ထွက်ခြင်း၊ login ဝင်ထားတဲ့ user ရဲ့ data ကိုပဲ ပြခြင်း စတာတွေကို Authentication နဲ့စီမံပါတယ်။
- Signup — User အသစ်အတွက် account တည်ဆောက်ခြင်း
- Login — ရှိပြီးသား account ဖြင့် ဝင်ခြင်း
- Auth state — User login ဝင်ထား/မထားကို app တစ်ခုလုံးမှာသိခြင်း
- Logout — Session ကိုပိတ်ခြင်း
Real-world usage
Notes App တစ်ခုမှာ user တစ်ယောက်ချင်းစီရဲ့ note တွေကိုပဲ ပြချင်ရင် Authentication မရှိလို့မရပါ။ Login user ရဲ့ uid ကိုအသုံးပြုပြီး Firestore ထဲက data ကိုခွဲသိမ်းနိုင်ပါတယ်။