Dockerfile သည် Docker image တစ်ခုကို ဘယ် base image ကနေစမလဲ၊ ဘာ file တွေကူးမလဲ၊ ဘာ command တွေ run မလဲ၊ container စတဲ့အခါ ဘာ command run မလဲဆိုတာကို instruction အနေနဲ့ရေးထားတဲ့ text file ဖြစ်ပါတယ်။ File name ကို extension မပါဘဲ Dockerfile လို့ရေးရပါတယ်။
dockerfile
# Create a file named Dockerfile
FROM nginx:alpine
WORKDIR /usr/share/nginx/html
COPY index.html .
EXPOSE 80FROM က base image ကိုသတ်မှတ်ပါတယ်။ WORKDIR က container ထဲမှာအလုပ်လုပ်မယ့် folder ကိုရွေးပါတယ်။ COPY က local index.html ကို Nginx web root ထဲကူးပါတယ်။ EXPOSE က container က port 80 ကိုအသုံးပြုမယ်ဆိုတာ document လုပ်ပေးတာပါ။
You should see
ဒီ Dockerfile ကို build လုပ်ပြီး run လုပ်ပါက ကိုယ့် index.html ကို Nginx မှတစ်ဆင့် browser မှာပြနိုင်မည်။Info
EXPOSE ရေးထားတာနဲ့ host computer ကနေ auto access ရတာမဟုတ်ပါ။ Browser ကနေဝင်ဖို့ docker run -p 8080:80 လို port mapping လုပ်ရပါမယ်။