Flexbox က row သို့မဟုတ် column တစ်ကြောင်းတည်းအတွင်း items တွေကို align/distribute လုပ်ဖို့အကောင်းဆုံး layout system ပါ။ Navigation bar, button group, card row, form controls, center alignment တွေမှာအရမ်းအသုံးများပါတယ်။ Flexbox ကိုသိသွားရင် “ဒီ box ကို အလယ်တည့်တည့်ထားချင်တာလေးပဲ” ဆိုတဲ့ပြဿနာတွေ အများကြီးဖြေရှင်းနိုင်ပါတယ်။
css
.center-box {
display: flex;
justify-content: center; /* horizontal */
align-items: center; /* vertical */
min-height: 300px;
}You should see
Container ထဲက item က horizontal ရော vertical ရော အလယ်တည့်တည့်မှာနေပါမယ်။Tip
Flexbox မှာ main axis နဲ့ cross axis ကိုနားလည်ရင် justify-content နဲ့ align-items မရှုပ်တော့ပါဘူး။