Angular သည် TypeScript ကိုအခြေခံထားသော web application framework တစ်ခုဖြစ်ပြီး component-based architecture ဖြင့် app ကြီးတွေကို စနစ်တကျတည်ဆောက်နိုင်အောင်ကူညီပေးပါတယ်။ Angular ကို dashboard, admin panel, booking system, learning platform, e-commerce frontend စတဲ့ data များပြီး page များစွာပါသော application တွေမှာ အထူးသင့်တော်ပါတယ်။
typescript
// app.component.ts
import { Component } from '@angular/core';
@Component({
selector: 'app-root',
template: '<h1>Hello, Angular!</h1>'
})
export class AppComponent {
title = 'my-app';
}You should see
(Browser တွင် 'Hello, Angular!' ဟူသော ခေါင်းစဉ်တစ်ခု ပေါ်လာမည်)